မုံရွာ ဇွန် ၄
နိုင်ငံတော်သမ္မတ၏လမ်းညွှန်ချက်ဖြစ်သော တရားဥပဒေစိုးမိုးရေးနှင့် နိုင်ငံသားတိုင်းဥပဒေ၏ အကာအကွယ်ကိုအညီအမျှရရှိစေရန်ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီး ဥပဒေချုပ်ရုံးက ကြီးမှူးဖွင့် လှစ်သည့် ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း(TOT) သင်တန်းဖွင့်ပွဲအခမ်းအနားကို ဇူလိုင်လ ၄ ရက် နံနက်ပိုင်းက မုံရွာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြသလ္လာခန်းမတွင် ဖွင့်လှစ်ခဲ့သည်။
အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့အဖွဲ့ဝင် တိုင်းဒေသကြီးဥပဒေချုပ် ဒေါ်လှလှဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် ပါတီစုံဒီမိုကရေစီအစိုးရတာဝန်ယူချိန်တွင် တရားဥပဒေစိုးမိုးရေးကို အပြည့်အဝဖော်ဆောင်သွားရမှာဖြစ်ကြောင်း၊ လူတိုင်းဥပဒေအသိပညာရရှိရမည် ဟူသော အညွှန်းကိန်းကို ဖော်ဆောင်သည့်အနေဖြင့် ဥပဒေရေးရာဝန်ကြီးဌာန လက်အောက်ရှိ ပြည်နယ်နှင့် တိုင်းဒေသကြီးဥပဒေချုပ်ရုံးများက အစိုးရ၏ ရက်(၁၀၀)ကာလ အတွင်း ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများကို ဥပဒေအသိပညာရရှိစေရန် ယခုကဲ့သို့ သင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ ယခုသင်တန်းတွင် ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား ဥပဒေဘာသာရပ်များသင်ကြား ပို့ချပေးပြီး ၎င်းတို့မှတစ်ဆင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ ကိုထပ်ဆင့်ပို့ချပြီး ထိုမှတစ်ဆင့် ပြည်သူများထံ ဥပဒေအသိပညာ ဆက်လက်ပြန့်ပွားစေရန်ရည်ရွယ်၍ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါသင်တန်းတွင် ဥပဒေဘာသာရပ်(၉)ခုအား သင်တန်းနည်းပြဆရာ (၉)ဦးတို့ကသင်ကြားပို့ချ ပေးသွားမည်ဖြစ်ပြီးသင်တန်းသို့ ရက်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ စာရေးများ သင်တန်းသားသင်တန်းသူ (၁၀၀)ဦးတက်ရောက်ခဲ့ပြီး (၃)ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)