ကန့်ဘလူမြို့ အ.ထ.က(၁)စာသင်ကျောင်းအဝင် ကတ္တရာလမ်းဖွင့်ပွဲအခမ်းအနားကျင်းပ

ကန့်ဘလူ ဇူလိုင် ၄

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းအဝင် ကတ္တရာထပ်ပိုးလွှာလမ်း ဖွင့်ပွဲအခမ်းအနားကို ဇူလိုင် ၄ ရက်နံနက် ၈ နာရီကကျင်းပရာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ် ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ အလှူရှင်မိသားစုများ၊ ခရိုင်/မြို့ နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ခရိုင်/မြို့နယ်ပညာရေးမှူးများနှင့်ဆရာ ဆရာမများ၊ ကျောင်းသားကျောင်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်ဇော်ဦးက အဖွင့်အမှာစကား ပြောကြားပြီး အလှူရှင်ဦးနွေဦးက ကျောင်းအဝင်လမ်း ကတ္တရာထပ်ပိုးလွှာခင်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကာ အ.ထ.က(၁)ကန့်ဘလူ တာဝန်ခံကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာအေးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ဆက်လက်၍ ဖဲကြိုးဖြတ်ခြင်းအစီအစဉ်အရ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်ဇော်ဦး၊ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး သန်းကျော်၊ ခရိုင်ပညာရေးမှူး ဒေါ်စုစုဌေး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ခိုင်ဦးနှင့်အလှူရှင် ဦးနွေဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ယင်းနောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက ဘင်ခရာအဖွဲ့အား ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြကာ တာဝန်ရှိသူများက ကတ္တရာထပ်ပိုးလွှာလမ်းအား လိုက်လံကြည့်ရှုစစ်ဆေးကြသည်။

အဆိုပါလမ်းသည် အရှည် ၃၄၂ ပေ၊ အကျယ် ၁၂ ဒသမ ၆ ပေရှိပြီး ငွေကျပ်သိန်း ၁၈၀ ကုန်ကျကြကြောင်းနှင့် ကျောင်းသားကျောင်းသူများနှင့်ဆရာ ဆရာမများ ရာသီမရွေးသွားလာနိုင် ရန်ဖြစ်ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)