ကျောက်ဖြူ ဇူလိုင် ၄
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့ နံနက်ပိုင်းက ပြင်ဖြူမော်ရပ်ကွက်ရှိ ဘုန်းတော်ကြီးကျောင်းအနီးနေရာတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများသည် ကျောက်ဖြူမြို့ ပြင်ဖြူမော်ရပ်ကွက်သို့သွားရောက်ပြီး မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားသို့ တက်ရောက်ကာ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ ပါဝင်သည့် စုစုပေါင်းအင်အား (၃၀၀)ကျော်ခန့်နှင့်အတူ ပျဉ်းကတိုး၊ ပိတောက်၊ သင်္ကန်း၊ ဗန်ဒါ၊ သစ်စိမ့်နှင့် သပြေဘူတပင် စသည့်စုစုပေါင်းအပင် (၃၀၀)တို့အား သတ်မှတ်နေရာအသီးသီးတွင် စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
တင်ထွန်းဦး(ပြန်/ဆက်)