ကွန်ဟိန်း ဇူလိုင် ၃
ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ်တွင် ၂၀၂၆ခုနှစ် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉နာရီ က အမှတ်(၃)ရပ်ကွက် အခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဦးစွာ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဌ ဒေါ်သက်သက်မွန်က မြန်မာအမျိုးသမီးများနေ့သည် မြန်မာအမျိုးသမီးများအားလုံးအတွက် ထူးခြားသောနေ့ဖြစ်ကြောင်းနှင့် အမျိုးသမီးများ စွမ်းရည်မြင့်မားရေးနှင့် ဗဟုသုတတိုးပွားရန်လိုကြောင်း အသိပညာပေး ဟောပြောပြီး အမျိုးသမီးများနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ကျောင်းသူကျောင်းသားများကို ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)