မိုင်းရှူးမြို့နယ်၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ စာဖတ်ဝိုင်းဆောင်ရွက်

မိုင်းရှူး ဇူလိုင် ၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယနေ့မွန်းလွဲ(၁၂)နာရီခွဲအချိန်က စာဖတ်ဝိုင်းဆောင်ရွက်ခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဥမ္မာထွေးက စာဖတ်ခြင်းအကျိုးကျေးဇူးများနှင့် တေဇရုပ်စုံစာအုပ်ထဲမှ မောင်ဖျော်(ပေတစ်ပင်)၏ ပတ်ဝန်းကျင်ကို ကောင်းကျိုးပြုအလှဆင်နိုင်ကြပါစေ ခေါင်းစဉ်ဖြင့် ဖတ်ကြားဆွေးနွေးပြီး G-4မှမောင်ဉာဏ်လင်းဖြိုးက တေဇရုပ်စုံစာအုပ်ထဲမှ စိုးစံ၏ ကံကောင်းနှင့်သူငယ်ချင်းများ၊ G-3မှမနန်းဆိုင်ဟွမ်က တေဇရုပ်စုံစာအုပ်ထဲမှ အောင်အောင်ထွေး၏အလေ့အထစသည့် ခေါင်းစဉ်များဖတ်ကြားရာ တက်ရောက်သည့် ကျောင်းသား၊ကျောင်းသူများက အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မိုင်းရှူး(ပြန်/ဆက်)