ကရသူရိ ဇူလိုင် ၃
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင် ကရသူရိမြို့၌ ရက်(၁၀၀)စီမံချက်ဖြင့် ယာဉ်များအားဆက် လက်စစ်ဆေးခြင်းကို ယနေ့ နံနက်၉နာရီက အမှတ်(၃)ရပ်ကွက်ပြည်ထောင်စုကားလမ်းမကြီး၌ စစ်ဆေးဆောင်ရွက်သည်။
ခရီးသွားလာပြည်သူများဘေးအန္တရာယ်ကင်းဝေးရေးနှင့်ယာဉ်မောင်းများသတ်မှတ်ထားသည့်စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ရေး ယာဉ်မောင်းလိုင်စင်၊ ယာဉ်လိုင်စင်၊ ယာဉ်ကြံ့ခိုင်မှု၊ ဆိုင်ကယ်ဦးထုတ်၊ ခါးပတ်ကြိုး၊ ယာဉ်မှန်စသည့်တို့ကို မြို့အုပ်ချုပ်ရေးမှူး ဦးအေးမျိုးအောင်ဦးစီး၍ ဒုရဲအုပ် အောင်ခိုင်ဝင်းနှင့်ရဲတပ်ဖွဲ့ဝင်များ၊ စည်ပင် သာယာရေးအဖွဲ့များ၊ မီးသတ်တပ်ဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍စစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကရသူရိ(ပြန်/ဆက်)