အုတ်ဖို ဇူလိုင် ၃
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ အမှတ် (၁၆) စက်မူလယ်ယာစခန်း၊ အုတ်ဖိုမြို့နယ်မှ ပြုလုပ်သော Kubota (၆) တန်းသွားကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်းသရုပ်ပြပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ဥသျှစ်ကုန်းကျေးရွာအုပ်စု၊ ဥသျှစ်ကုန်းကျေးရွာ၊ တောင်သူဦးစိုးသိန်း၏ ကွင်းအမှတ် (၈၀၈) ဦးပိုင်အမှတ် (၅) ၌ ကျင်းပပြုလုပ်ခဲ့ပါသည်၊
အဆိုပါသရုပ်ပြပွဲတွင် စက်မူလယ်ယာဦးစီးဌာန၊ ခရိုင်ဦးစီးဌာနမူးဦးဇော်မြင့်က Kubota (၆) တန်းသွားကောက်စိုက်စက်ဖြင့် စိုက်ပျိုးရခြင်း အကျိုးတရားများကို အကျယ်တဝင့်ရှင်းလင်းပြောကြားကာ တောင်သူများ၏ မေးမြန်ချက်များကို ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီး ကျွမ်းကျင်ဝန်ထမ်းများက လက်တွေ့သရုပ်ပြစိုက်ပျိုးပေးခဲ့ကြသည်။
သရုပ်ပြပွဲသို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်ပိုင်ဖြိုးနှင့် မြို့နယ်အဆင့်စိုက်ပျိုးကြီးကြပ်ရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံတောင်သူများ (၁၅၀) ဦးခန့် လာရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
အောင်သူ