ရေတာရှည်မြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြော

ရေတာရှည် ဇူလိုင် ၃

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား အသိပညာဗဟုတရရှိစေရန်ရည်ရွယ်၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ယနေ နံနက် ၉ နာရီက မူလွန်ဘိုးတော်ကုန်းကျောင်း၌ ကျင်းပသည်။

အဆိုပါအသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သော်ဇင်အောင်က ကလေးအလုပ်သမား၏ အဓိပ္ပါယ်နှင့် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များ၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့်လည်း ကလေးအလုပ်သမားမဖြစ်စေရေး စသည့်အကြောင်းအရာများကို အသိပညာပေးဟောပြောသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)