မင်းလှ ဇူလိုင် ၃
၂၀၂၆ ခုနှစ်၊ ဇူလိုင် ၅ ရက်နေ့တွင် ကျရောက်မည့် (၁၀၄) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်သမဝါယမဦးစီးဌာနရုံး၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ မိသားစုငွေစု/ငွေချေးသမဝါယမအသင်းလီမီတတ်က အသင်းသားများ၏ စုဆောင်းငွေပေါ်အတိုးနှင့် အစုပေါ်အမြတ်ငွေများ ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်သည်။
အခမ်းအနားတွင် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိဒေါ်သက် သက်နွယ်က မိသားစုငွေစု/ငွေချေးသမဝါယမအသင်းလီမီတတ်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ငွေစာရင်းရှင်းတမ်းနှင့် အမြတ်ခွဲဝေစာရင်းများကို ရှင်းလင်းပြောကြားပြီး အသင်းသား (၃၀) ဦးတို့အား စုဆောင်းငွေပေါ်အတိုးနှင့် အစုပေါ်အမြတ်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ပေါက်စ