ချောက်မြို့နယ် ပညာရေးမှူးဖလားအသက်(၁၄)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ကျင်းပ

ချောက် ဇူလိုင် ၃

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်(၁၄)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ‌ကို Football For School Programe အစီအစဉ်ဖြင့် မြို့နယ်ပညာရေးမှူးဖလား U-14 အားကစားသမားကောင်းနှင့် အားကစားထူးချွန်သော အခြေခံပညာကျောင်းများပေါ်ထွန်းလာစေရေး၊ မျိုးဆက်သစ်လူငယ်အားကစားသမား ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ကျင်းပခဲ့ရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ မြို့နယ်အားကစားကွင်း၌ယှဉ်ပြိုင်ခဲ့ရာ ဇူလိုင် ၁ ရက်နေ့နံနက် ၆ နာရီခွဲက အ.ထ.က(၁) ချောက်အသင်းနှင့် အ.ထ.က(၄)ချောက်အသင်းတို့ စတင်ယှဥ်ပြိုင်ခဲ့ရာ အ.ထ.က(၄)ချောက်အသင်းက ၉ ဂိုး၊ ၁ ဂိုးဖြင့်လည်း‌ကောင်း၊ ဒုတိယပွဲစဉ်တွင် အ.ထ.က(၂)ချောက်အသင်းနှင့် အ.ထ.က စလေ အသင်းတို့ ယှဉ်ပြိုင်ခဲ့ရာ အ.ထ.က(၂)ချောက်အသင်းက ၃ဂိုး၊ ၀ ဂိုး ဖြင့်အနိုင်ရခဲ့သည်။

အဆိုပါအသက်(၁၄)နှစ်အောက် အမျိုးသားဘောလုံးအားကစားပြိုင်ပွဲတွင် ချောက်မြို့နယ်အတွင်းရှိ‌ ချောက်မြို့ပေါ်မှ အ.ထ.က(၁)၊ အ.ထ.က(၂)၊ အ.ထ.က(၃)၊ အ.ထ.က(၄)နှင့် အ.ထ.ကစလေ၊ အ.ထ.က(ခွဲ)ချောင်းတက်၊ အ.ထ.က(ခွဲ)အုံမြားကြီး၊ အ.ထ.က(ခွဲ)ထိန်ကန် အခြေခံပညာကျောင်း စုစုပေါင်း(၈)ကျောင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။ ပြိုင်ပွဲတွင် ပထမ၊ ဒုတိယဆုရရှိသည့်အသင်းနှင့် အ‌ကောင်းဆုံးအားကစားသမားဆုရရှိသူများကို ဇူလိုင်၅ရက်နေ့ဗိုလ်လုပွဲ၌ မြို့နယ်ပညာရေးမှူး ဦးသန်းမြိုင်နှင့်တာဝန်ရှိသူများက ဆုငွေ၊ ဆုတံဆိပ်၊ ဆုဖလားများ ပေးအပ်ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)