ပုလောမြို့နယ်၌ မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ပုလော ဇူလိုင် ၃

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပု​လောမြို့နယ်၊ သစ်တောဦးစီးဌာနမှ  မိုးရာသီသစ်ပင် စိုက်ပျိုးရေး၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ဇူလိုင်လ ၂ ရက်နေ့နံနက်ပိုင်းက ပု​လောမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်း၊ နဝရတ်ခန်းမ၌  ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာကြီး ဦးမြကိုက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ သစ်တောဦးစီးဌာန၊ မြို့နယ်ဦးစီးဌာနမှူး ဦးတင်​အောင်မျိုးက မိုးရာသီကာလအတွင်း သစ်ပင်စိုက်ပျိုးရန်၊ သစ်ပင်များ၏ အကျိုးကျေးဇူးများ၊ သစ်တောနှင့်ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အကြောင်းအရာများကို ဟောပြောဆွေးနွေးခဲ့သည်။

ဆက်လက်၍ ကျောင်းစာကြည့်တိုက်သို့  သစ်တောကြေးမုံ စာအုပ်များ လှူဒါန်းခဲ့ရာ ကျောင်းအုပ် ဆရာကြီးကလက်ခံခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးကြောင်းနှင့် ​ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာမများအား သစ်ပင် ရှင်သန်​အောင် စိုက်ပျိုးရန် နည်းလမ်းများလက်​တွေ့သရုပ်ပြ စိုက်ပျိုး​ကြကြောင်း သိရသည်။

ပုလော(ပြန်/ဆက်)