ကော့သောင်းမြို့နယ်၌ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ်စာစီစာကုံးနှင့်ပန်းချီပြိုင်ပွဲ ဆုချီးမြှင့်

ကော့သောင်း  ဇူလိုင် ၂

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင်ကော့သောင်းမြို့နယ်တွင် ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်ပညာရေးမှူးရုံးတို့ ပူးပေါင်းကျင်းပခဲ့သော ၂၀၂၆ခုနှစ် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် စာစီစာကုံးနှင့်ပန်းချီပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက   အမှတ်(‌၂) အ‌ခြေခံပညာအထက်တန်းကျောင်းခွဲတွင် ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ  ဦးနိုင်လင်းထက်က  မြန်မာအမျိုးသမီးများသည် မိသားစုရပ်ရွာနှင့် လူမှုအသိုင်းအဝိုင်းများတွင်သာမက နိုင်ငံရေး၊ စီးပွားရေး၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများမှ ထူးချွန်စွာ စွမ်းဆောင်နိုင်သူများ ဖြစ်ကြပါကြောင်း၊  အမျိုးသမီးတွေကို စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်း ကဏ္ဍပေါင်းစုံမှာ တန်းတူညီမျှပါဝင်နိုင်ဖို့ အခွင့်အလမ်းများ ဖော်ဆောင်ပေးခြင်းဖြင့် အမျိုးသမီးများဘဝ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအားလုံးပူးပေါင်း ဆောင်ရွက်ပေးကြရန် ပြောကြားသည်။

ယင်းနောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် ခရိုင်နှင့်မြို့နယ် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ခရိုင်နှင့်မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ တာဝန်ရှိသူများ၊ ခရိုင်နှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ တာဝန်ရှိသူများက မူလတန်းအဆင့်/အလယ်တန်းအဆင့်/အထက်တန်းအဆင့် ပန်းချီပြိုင်ပွဲမှ ဆုရရှိသူများ၊ အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲမှ ဆုရရှိသူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများချီးမြှင့်ခဲ့ကြသည်။

ခရိုင် (ပြန်/ဆက်)