သရက်ချောင်းမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် အသားတိုးဝက်များအား ကာကွယ်ဆေး ထိုးနှံ

သရက်ချောင်း ဇူလိုင် ၂

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ရက်(၁၀၀)စီမံချက်ဖြင့် ယနေ့နံနက်ပိုင်းက သရက်ချောင်းမြို့၊ အိမ်ရှေ့ပြင်ကျေးရွာရှိ အသားတိုးဝက် ကောင်ရေ ၅၀ အား ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် သရက်ချောင်းမြို့နယ်၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှဦးစီးဌာနမှူး ဒေါက်တာလမင်းကိုကိုနှင့် ဝန်ထမ်းများက အိမ်ရှေ့ပြင်ကျေးရွာရှိ အသားတိုးဝက်မွေးမြူရေးလုပ်ငန်းများလုပ်ကိုင်သည့် ပြည်သူများနှင့် မိသားစုတစ်ပိုင်တစ်နိုင် ဒေသဝက်မွေးမြူသောပြည်သူများအား အသားတိုးဝက်မွေးမြူရေးဆိုင်ရာ သိကောင်းစရာများကို အသိပညာပေးဟောပြောပြီးနောက် အသားတိုးဝက် အကောင်ရေ ၅၀  အား ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာလမင်းကိုကိုထံမှ သိရသည်။

ပြည့်ဖြိုးပိုင်(ပြန်/ဆက်)