မိုင်းခတ် ဇူလိုင် ၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခတ်မြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ ဥပဒေအသိပညာပြန့်ပွားရေးဆရာဖြစ်သင်တန်း(TOT)ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင်ကျင်းပသည်။
သင်တန်းတွင် မိုင်းခတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ခေတ္တ)မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမင်းလတ်က ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအနေဖြင့် လုပ်ငန်းတာဝန်များဆောင်ရွက်ရာတွင် ဥပဒေအသိပညာများဖြင့်ဆောင်ရွက်စေလိုကြောင်းနှင့် ပြည်သူများအားဥပဒေအသိပညာများဖြန့်ဝေပေးကြရန် သင်တန်းဖွင့်ပွဲအမှာစကားပြောကြားပြီး မြို့နယ်ဥပဒေအရာရှိ ဦးပြည့်ဖြိုးအောင်က အခြေခံသိသင့်သိထိုက်သော ဥပဒေ၊နည်းဥပဒေများအကြောင်း ဆွေးနွေးပို့ချခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)