သဲကုန်းမြို့နယ်တွင် ကျောင်းသား/ ကျောင်းသူလူငယ်များ ဘက်စုံဖွံ့ဖြိုးစေရန် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

သဲကုန်း ဇူလိုင် ၂

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးစေရန် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၉) နာရီအချိန်က အခြေခံပညာမူလတန်းလွန်ကျောင်း (မအူပင်ကွေ့) ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ပြည့်ဖြိုးသူက စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲများ ဆောင်ရွက်ပေးခြင်းဖြင့် ဗလငါးတန်နှင့် ပြည်စုံသော ကျောင်းသား၊ ကျောင်းသူများဖြစ်စေရန်၊ နိုင်ငံတော်အနာဂါတ်တွင် ခေါင်းဆောင်ကောင်းပေါ်ထွန်းလာစေရန်၊ ကျောင်းစာအပြင် ပြင်ပစာပေလေ့လာဖတ်ရှုသော အလေ့အကျင့်ကောင်းများရရှိစေရန်၊ အနာဂတ်တွင် ခေါင်းဆောင်ကောင်းများ ဖြစ်ထွန်းပေါ်ပေါက်လာစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ မူးယစ်ဆေးဝါး ဆိုးကျိုးအန္တရာယ်များနှင့် လူငယ်များသိသင့်သိထိုက်သည့် ဗဟုသုတအကြောင်းအရာများအား အကျယ်တဝင့် အသိပညာပေးဟောပြောခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော နံရံကပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့်ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ကိုကျော် (သဲကုန်း)