ကလော ဇူလိုင် ၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီက ရပ်ရွာအခြေပြုလူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေး ရက်တိုသင်တန်းဖွင့်လှစ်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးများ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ ကလောမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးသိန်းက အမှာစကားပြောကြားခဲ့ပြီး အမှတ်(၂)လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့စိတ်၊ အောင်ပန်းမှ ရဲအုပ် စိုးလွင်ဦးက လူကုန်ကူးမှုအကြောင်းနှင့် ရပ်ရွာအခြေပြုလူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေး ရက်တိုသင်တန်း ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါသင်တန်းကို ဇူလိုင်လ ၁ ရက်နေ့ နံနက်ပိုင်းမှ ညနေ ၅ နာရီအထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း၊ သင်တန်းသား၊သင်တန်းသူများအား လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးဥပဒေအကြောင်းပါဝင်သည့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကျော်ဝင်း(ကလော)