ဆီဆိုင် ဇူလိုင် ၂
ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြိုနယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ ဓာတ်မြေဩဇာ၊ မျိုးစေ့နှင့် ပိုးသတ်ဆေးရောင်းချသည့် ဆိုင်ပိုင်ရှင်များအား ဥပဒေအသိပညာပေး ရှင်းလင်းဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက အဆိုပါရုံး၌ ပြုလုပ်သည်။
ဦးစွာ စိုက်ပျိုးရေးဦးစီးဌာန တောင်ကြီးခရိုင် ဦးစီးမှူး ဦးသိန်းဝင်းက အမှာစကားပြောကြားပြီး ဆီဆိုင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးကျော်ဝင်းက ဥပဒေအသိပညာပေး ဆောင်ရွက်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် တောင်ကြီးခရိုင် မြေဩဇာ၊ မျိုးစေ့၊ ပိုးသတ်ဆေး တာဝန်ခံများမှ တက်ရောက်လာကြသည့် ဆိုင်ပိုင်ရှင်များအား ဥပဒေအကြောင်း များကို အသီးသီးအသိပညာပေး ရှင်းလင်းပြောကြားခဲ့ကြသည်။ ဆက်လက်၍ ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိ သူများသည် မြေဩဇာ၊ မျိူးစေ့နှင့် ပိုးသတ်ဆေးရောင်းချသည့် ဈေးဆိုင်များအား စနစ်တကျရောင်းချမှုရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)