မိုင်းရှူးမြို့၌ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး သင်တန်း(၁/၂၀၂၆) ဖွင့်လှစ်

မိုင်းရှူး ဇူလိုင် ၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း(၁/၂၀၂၆)ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ(၃)နာရီက အမှတ်(၂)ရပ်ကွက် ပတ္တမြားခန်းမဆောင်၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သိုက်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးလင်းထိုက်က သင်တန်းဖွင့်လှစ်မည့်အစီအစဉ်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ သင်တန်းတွင် သက်ဆိုင်ရာတာဝန်ရှိဌာနများမှ မြို့နယ်ဦးစီးမှူးများက ရက်သတ္တပတ်(၄)ပတ်သင်ခန်းစာများပို့ချပေးသွားမည်ဖြစ်သည်။ အဆိုပါ အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်/ကျေးစာရေးများနှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ တက်ရောက်ကြကြောင်း သိရသည်။

မိုင်းရှူး(ပြန်/ဆက်)