မိုင်းပန် ဇူလိုင် ၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ အသက်(၁၀)နှစ်ပြည့် ကျောင်းသား/သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကောက်ယူခြင်းကို အခြေခံပညာအထက်တန်းကျောင်း(မိုင်းပန်)၌ ဇွန် ၃၀ ရက်နေ့က ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမင်းသူအောင်မှဦးဆောင်၍ ရုံးဝန်ထမ်းများနှင့် အစိုးရသစ်လက်ထက် ရက်(၁၀၀)လမင်းစီမံချက်ဖြင့် အသက်(၁၀)နှစ်ပြည့် ကျောင်းသား/သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကောက်ယူခြင်းလုပ်ငန်းအား နေ့ချင်းပြီး ဆောင်ရွက်ပေးလျက်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှူးထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)