မိုင်းနောင်မြို့ တူယားအခြေခံပညာအလယ်တန်းကျောင်းခွဲတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်

မိုင်းနောင် ဇူလိုင် ၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ တူယား အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် မီးဘေးလုံခြုံမှုရှိစေရန်အတွက် မီးငြှိမ်းသတ်မှု လက်တွေ့သရုပ်ပြလေ့ကျင့်ခြင်းကို ဇွန် ၃၀ ရက်နေ့ မွန်းလွဲ(၃)နာရီအချိန်က  ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ရှေးဦးစွာ မိုင်းနောင်နယ်မြေ မီးသတ်တပ်ဖွဲ့စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ကျော်ဇင်ဦးက မီးဘေးကြိုတင်ကာကွယ်ရေး၊ မီးဘေးလုံခြုံရေး၊သဘာဝဘေးအန္တရာယ်ဆိုင်ရာ သတိမူရေးအသိပညာပေးလုပ်ငန်းကို ရှင်းလင်းဟောပြောကာ မီးဘေးအန္တရာယ်ကာကွယ်ရေး လုပ်ငန်းသုံးပစ္စည်းများနှင့် မိတ်ဆက်ပေးခဲ့ကြောင်း သိရှိရသည်။ ဆက်လက်၍ မီးသတ်တပ်ဖွဲ့ဝင်များက ကျောင်းသား၊ကျောင်းသူများအား မီးသတ်ရေယာဥ်၊ မီးသတ်စက်များဖြင့် ရေပက်ဖြန်းခြင်း၊ မီးငြှိမ်းသတ်နည်းများကို လက်တွေ့သရုပ်ပြသခြင်း၊ လက်တွေ့လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မနန်း(မိုင်းနောင်)