လွိုင်လင်မြို့၌ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း (၁/၂၀၂၆)ဖွင့်ပွဲကျင်းပ

လွိုင်လင် ဇူလိုင် ၂

ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လွိုင်လင်မြို့နယ် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း(၁/၂၀၂၆) သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက လွိုင်လင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ပါသည်။

ဦးစွာ လွိုင်လင်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မိုးက သင်တန်းဖွင့်အမှာစကားပြောကြားပြီးနောက် လွိုင်လင်မြို့နယ် ခေတ္တအုပ်ချုပ်ရေးမှူး ဦးရဲအောင်အောင်က သင်တန်းဖွင့်လှစ်ရခြင်းကို ရှင်းလင်းပြောကြားသည်။ ထို့နောက် သင်တန်းတက်ရောက်ကြသည့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများမှ တစ်ဦးချင်းမိတ်ဆက်ကြကာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်သက်နိုင်က အားပေးစကားပြောကြားပြီး သင်တန်းဖွင့်ပွဲကို ရုတ်သိမ်းလိုက်သည်။ အဆိုပါသင်တန်းဖွင့်ပွဲသို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်သက်နိုင်၊ ဖိတ်ကြားထားသည့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး (၂၇)ဦးတက်ရောက်ကြပြီး သင်တန်းကာလမှာ ရက်သတ္တပတ် လေးပတ်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လွိုင်လင်မိုး