ကျိုင်းတုံ ဇူလိုင် ၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ ပြည်တွင်းအခွန်ဦးစီးဌာန၌ ဟိုတယ်/တည်းခိုခန်းလုပ်ငန်းရှင်များအား အခွန်ပညာပေးရှင်းလင်းပွဲကို ဇွန် ၃၀ ရက်က ကျင်းပသည်။
ရှင်းလင်းဆွေးနွေးပွဲတွင် ကျိုင်းတုံမြို့နယ် အခွန်ဦးစီးဌာနမှူး ဒေါ်ကေသွယ်ကျော်က စားသောက်ဆိုင်လုပ်ငန်းရှင်များအား ပြေစာများအပေါ် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ခြင်းဆိုင်ရာအကြောင်းစသည့် ပြည်တွင်းအခွန်ဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် အခွန်အကြောင်းသိကောင်းစရာများကို အသိပညာပေးရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာကြသည့် ဟိုတယ်/တည်းခိုခန်းလုပ်ငန်းရှင်ပြည်သူများက သိလိုသည်များ မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)