မိုးနဲမြို့နယ်၌ ကျောင်းစာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေး၊ အားကစားကွင်းဆောင်ရွက်ရန် အလှူငွေ ပေးအပ်လှူဒါန်း

မိုးနဲ ဇူလိုင် ၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် မိုင်ဟိုင်းကျေးရွာအုပ်စုရှိ ဆိုက်ဖယ် အ‌ခြေခံပညာမူလတန်းလွန်ကျောင်း ကျောင်းစာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေး‌ဆွေးနွေးခြင်းနှင့် ကျောင်းအားကစားကွင်းအတွက် အလှူငွေပေးအပ်လှူဒါန်းခြင်းကို ဇွန် ၃၀ ရက်နေ့မွန်းလွဲ ၁ နာရီက အဆိုပါ‌ကျောင်းနေရာတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ မြို့နယ်ပညာရေးမှူး ဒေါ်နီလာက ကျောင်းစာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့်စပ်လျဉ်း၍လည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးညွန့်ရွှေက စာကြည့်တိုက်အတွက် စာအုပ်များစုဆောင်းထားရှိရမည့်နည်းလမ်းများ၊ စာအုပ်များစနစ်တကျ မှတ်ပုံတင်ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ပြီး ကျောင်းအားကစားကွင်းဆောင်ရွက်ရန်အတွက် ဦးကျော်အောင်အောင်နှင့်ဇနီး ဒေါ်အေးအေးစိုး မိသားစုက ငွေကျပ် ၁၀ သိန်းကို ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းကြိမ်ခမ်းက လက်ခံရယူခဲ့ကြောင်း သိရသည်။

ဝိုးတောင်း