ရပ်ကွက် သို့မဟုက် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း ၁/၂၀၂၆ ဖွင့်လှစ်

ရွာငံ ဇူလိုင် ၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း ၁/၂၀၂၆ ဖွင့်လှစ်ခြင်းကို ယမန်နေ့ နံနက်(၈)က အဆိုပါရုံးအစည်းဝေးခန်းမ၌ ကျင်းပသည်။ 

သင်တန်းဖွင့်ပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းဆိုင်က ပြောကြားရာတွင် အုပ်ချုပ်ရေးဆိုင်ရာပညာရပ်များကို လေ့လာဆည်းပူးသင်ယူရန်၊ အုပ်ချုပ်ရေးဝန်ထမ်းကောင်းများဖြစ်စေရန်အတွက် လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားစေရန်စသည်ဖြင့် သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ရှင်းလင်းပြောကြားခဲ့ပြီး အထွေထွေအုပ်ချုပ်ဦးစီးဌာနနှင့်သက်ဆိုင်သည့် ဘာသာရပ်သင်ခန်းစာများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများက သင်ကြားပို့ချသွားမည်ဖြစ်သည်။ အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက် သို့မဟုက် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးမျာတက်ရောက်ပြီး ဇူလိုင်လ (၁)ရက်မှစ၍ (၇) ရက်နေ့အထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းသိရသည်။

မြို့နယ် ပြန်/ဆက်