ပင်လောင်းမြို့နယ်၌ ကော်ဖီစိုက်ပျိုးနည်းပညာသင်တန်း သင်တန်းဖွင့်လှစ်

ပင်လောင်း ဇူလိုင် ၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် ထီပေါင်းကျေးရွာအုပ်စု၊ ထာငိုကျေးရွာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ပူးပေါင်းဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ကော်ဖီစိုက်ပျိုးနည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါ ကျေးရွာဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။

ဖွင့်ပွဲတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒေသဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါ်လွင်လွင်ဦးက အမှာစကားပြောကြားပြီး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်စွာက သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်များကိုလည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခင်မောင်သန်းက ကော်ဖီစိုက်ပျိုးခြင်းမှ ရရှိလာမည့်အကျိုးကျေးဇူးများကိုလည်းကောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒေသဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါ်လွင်လွင်ဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သင်တန်းသား/သင်တန်းသူများအား စိုက်ပျိုးရေးသုံးဆေးဖြန်းပုံးနှင့် သင်တန်းသုံးစာရေးကိရိယာများအား ပေးအပ်ခဲ့ကြကြောင်း၊ အဆိုပါသင်တန်းတွင် သင်တန်းသား/သင်တန်းသူ (၂၀) ဦး တက်ရောက်ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်