သီပေါမြို့၌ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း(၁/၂၀၂၆)ဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်

သီပေါ ဇူလိုင် ၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မြို့တော်ခန်းမ၌ ပြည်ထဲရေးဝန်ကြီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး(၁/၂၀၂၆)သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီ က ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလွင်က အဖွင့်အမှာစကားနှင့် သင်တန်းဖွင့်လှစ်ရသည့်ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး ဌာနဆိုင်ရာ အသီးသီးမှ သင်တန်းနည်းပြများက တစ်ဦးချင်းမိတ်ဆက်ခဲ့ကြသည်။ ဆက်လက်၍ နံနက် ၉ နာရီတွင် သင်တန်းနည်းပြများက သင်တန်းအချိန်ဇယားအတိုင်း သင်တန်းဆက်လက်ပို့ချခဲ့ကြောင်းနှင့် အဆိုပါသင်တန်းအား ဇူလိုင်လ ၁ ရက်နေ့မှ ၂၈ ရက်နေ့အထိ သင်ကြားပို့ချမည်ဖြစ်ပြီး ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများတက်ရောက်လျက်ရှိကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်