ကျေးသီး ဇူလိုင် ၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ ကျေးသီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ယမန်နေ့နံနက်ပိုင်းက ရပ်ကွက်၊ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း(TOT)ဖွင့်ပွဲကျင်းပသည်။
ရှေးဦးစွာ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်ဦးက ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ဥပဒေအရာရှိ ဦးခန့်ဟိန်းသန့်က အခြေခံသိသင့်သိထိုက်သည့် ဥပဒေ၊နည်းဥပဒေများ ၎င်းတို့၏လုပ်ငန်းတာဝန်များကိုဆောင်ရွက်ရာ၌ ဥပဒေအသိပညာများဖြင့် ထမ်းဆောင်နိုင်စေရေးနှင့် နိုင်ငံသားများအား ဥပဒေအသိပညာများ ပြန်လည်၍ဖြန့်ဝေပေးကာ ဥပဒေ၏အကူအညီပေးမှု၊ အကာအကွယ်ပေးမှုများကိုရရှိနိုင်စေရန်ရည်ရွယ်ဖွင့်လှစ်သင်ကြားဖြစ်ကြောင်းနှင့် အဆိုပါသင်တန်းအား (၁.၇.၂၀၂၆)ရက်နေ့မှ (၃.၇.၂၀၂၆)ရက်နေ့အထိ(၃)ရက်တိတိသင်ကြားသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
ကျေးသီး(ပြန်/ဆက်)