ဖယ်ခုံ ဇူလိုင် ၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအား လုပ်ငန်းတာဝန်နှင့် လုပ်ပိုင်ခွင့်များကို သိရှိနားလည်ပြီး ဥပဒေ၊နည်းဥပဒေ၊လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြည်သူအကျိုးပြုလုပ်ငန်းများကို စွမ်းဆောင်ရည်ပြည့်ဝစွာ ထမ်းဆောင်နိုင်စေရန်ရည်ရွယ်၍ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး သင်တန်းကို ယနေ့ နံနက် ၁၀ နာရီတွင် ဖယ်ခုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပခဲ့သည်။
ဦးစွာ ဖယ်ခုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်သင်မှ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများသည် နိုင်ငံတော်၏ အခြေခံအုတ်မြစ်ယန္တရားများတွင် ပါဝင်တာဝန်ဆောင်နေရသူများဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုးရေး၊ ပြည်သူများ၏ အခက်အခဲများကို ညှိနှိုင်းဖြေရှင်းရေး၊ ဥပဒေစည်းမျဉ်းစည်းကမ်းမှန်ကန်စွာ အကောင်ထည်ဖော်ဆောင်ရွက်ရေး၊ ပြည်သူဗဟိုပြုဝန်ဆောင်မှုလုပ်ငန်းများကို ထိရောက်စွာဆောင်ရွက်နိုင်ခြင်းသည် အုပ်ချုပ်ရေးမှူးများ၏ တာဝန်များသာဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားပြီး ဘာသာရပ် အလိုက်သင်ကြားပို့ချမည့် ဌာနများအား သင်တန်းအချိန်ဇယားများကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး သင်တန်းဖွင့်ပွဲသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေးစာရေးများတက်ရောက်ကြပြီး သင်တန်းကာလမှာ ၁-၇-၂၀၂၆ ရက်နေ့မှ၃၁-၇ ၂၀၂၆ ရက်နေ့ထိ (၁)လသာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဖယ်ခုံမြို့နယ်၊ပြန်/ဆက်