ပင်လောင်းမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေး သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

ပင်လောင်း ဇူလိုင် ၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်သည်။

သင်တန်းဖွင့်ပွဲသို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ အတွင်းရေးမှူး ဦးမျိုးအောင်နှင့် အဖွဲ့ဝင် ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်ဝင်းနောင်၊ အမှတ် (၄) စစ်အခြေခံ လေ့ကျင့်ရေးတပ် တပ်နယ်မှူး ဗိုလ်မှူးကြီးသန်းထွဋ်ဝင်း၊ ပင်လောင်းမြို့နယ် စီမံခန့်ခွဲ့ရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင့်ဇော်ထက်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် သင်တန်းသား ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ဦးမျိုးအောင်က သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များအား ရှင်းပြောကြားပြီး အဆိုပါ သင်တန်းတွင် သင်တန်းသား ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး (၄၄) ဦးအား သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများက အုပ်ချုပ်ရေး၊ လူမှုရေး၊ စိုက်ပျိုးမွေးမြူရေး၊ ဥပဒေရေးရာ စသည့်များကို ဇူလိုင်လ ၁ ရက်မှ ၂၈ ရက်ထိ ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)