မူဆယ် ဇူလိုင် ၁
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်တွင် ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၆) ဖွင့်ပွဲအခမ်းအနားကို ခရိုင်/မြို့နယ် စုပေါင်းရုံးအစည်းအဝေးခန်းမတွင် ယနေ့နံနက် ၉ နာရီအချိန်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မူဆယ်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစန်းမင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ သင်တန်းကို ဆက်လက်ပို့ချရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ ဦးစီးဌာန၏ အဆင့်ဆင့်ဖွဲ့စည်းပုံ၊ ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၏ သက်တမ်းနှင့် လုပ်ငန်းတာဝန်များ၊ ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ကျေးရွာတာဝန်ခံ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများတွင် ပြည့်စုံရမည့် အရည်အချင်းများ၊ အဆင့်ဆင့်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များကို အသေးစိတ်ဆွေးနွေးပို့ချခဲ့သည်။
အဆိုပါသင်တန်းကို မူဆယ်ခရိုင်၊ မူဆယ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်ခြင်းဖြစ်ပြီး၊ မူဆယ်မြို့ပေါ်ရှိ ရပ်ကွက် ၉ ခုမှ အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ၊ ရပ်/ကျေး စာရေးများကို ၄ ပတ်ကြာ သင်တန်းဖွင့်လှစ်ပို့ချပေးမည်ဖြစ်ကြောင်း သိရှိရသည်။
ခရိုင်ပြန်/ဆက်