နောင်ချိုမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်း (၁/၂၀၂၆) ဖွင့်ပွဲ အခမ်းအနားကျင်းပ

နောင်ချို  ဇူလိုင်   ၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း (၁/၂၀၂၆) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစည်သူလင်းက အုပ်ချုပ်ရေးလုပ်ငန်းများကို ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်နှင့်ညွှန်ကြားချက်များနှင့်အညီ ထိရောက်မှန်ကန်မြန်ဆန်စွာ ဆောင်ရွက်တတ်စေရန်၊ ရုံးလုပ်ငန်းများ လျင်မြန်ချောမွေ့စေရန်နှင့် ခေတ်နှင့်အညီကျွမ်းကျင်စွာ ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါသင်တန်းတွင် ဌာနဆိုင်ရာအသီးသီးမှ နည်းပြ (၂၂) ဦးတို့က သက်ဆိုင်ရာကဏ္ဍအလိုက် သင်ကြားပို့ချသွားမည် ဖြစ်ကြောင်းနှင့် သင်တန်းသို့ ရပ်ကွက်/ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူး(၄၁)ဦး တက်ရောက်သင်ကြားသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းကာလမှာ ရက်သတ္တပတ် (၄) ပတ်ကြာမြင့်မည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

 မြို့နယ်(ပြန်/ဆက်)