တန့်ယန်းမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး သင်တန်း အမှတ်စဉ် (၁/၂၀၂၆) ဖွင့်ပွဲ အခမ်းအနား ကျင်းပ

တန့်ယန်း ဇူလိုင် ၁

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ပြည်ထဲရေးဝန်ကြီးဌာန အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်ကွက်၊ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၆) ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခမ်းမန်၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြသည်။

အဆိုပါ သင်တန်းဖွင့်ပွဲတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ကိုယ်စား ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဒေါ်အယ်ဂျာတွမ်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချန်မျိုးထွန်းက သင်တန်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားသည်။ သင်တန်းတွင် ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာ သင်တန်းနည်ပြများက ဆွေးနွေးပို့ချသွားမည်ဖြစ်ပြီး ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ စုစုပေါင်း(၅၉)ဦး တက်ရောက်ခဲ့ကြကြောင်းနှင့် သင်တန်းအား ရက်သတ္တပတ် ၄ ပတ် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။  

မင်းလွင်ဦး(တန့်ယန်း)