ကွန်ဟိန်း ဇွန် ၃၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများတွင် ဒေသအုပ်ချုပ်ရေးလုပ်ငန်းများ ပိုမိုစနစ်တကျနှင့် ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းကို ဇွန်လ ၂၉ ရက်နေ့ နံနက်ပိုင်းက သတ်မှတ်နေရာများ၌ ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ရွေးချယ်ရာတွင် မြို့နယ်စီမံခန့်ခဲွေရးနှင့်အုပ်ချုပ်ရေးကော်မတီ၏ လမ်းညွှန်မှု၊ မြို့နယ်အဆင့် တာဝန်ရှိသူများ၊ ရပ်/ကျေးကြီးကြပ်ရေးအဖွဲ့ဝင်များတို့က ကြီးကြပ်၍ ရပ်ကွက်နှင့် ကျေးရွာအုပ်စုအလိုက် ဒေသခံပြည်သူများက မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ဦးဆောင်နိုင်မည့် အရည်အချင်းပြည့်ဝသူများကို အဆိုပြုခြင်းနှင့် ဆန္ဒမဲပေးရွေးချယ်ခြင်းများကို ဆောင်ရွက်လျက်ရှိကြသည်။
မြို့နယ်(ပြန်/ဆက်)