မိုင်းခတ် ဇွန် ၃၀
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လားဟူတိုင်းရင်းသားရေးရာဝန်ကြီးနှင့် အာခါတိုင်းရင်းသားရေးရာဝန်ကြီး မိုင်းခတ်မြို့နယ် ဌာနဆိုင်ရာများ၊ ဒေသခံတိုင်ရင်းသားပြည်သူများနှင့် တွေ့ဆုံပွဲကို ဇွန် ၂၈ ရက် မွန်းလွဲ ၁ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လားဟူတိုင်းရင်းသားရေးရာဝန်ကြီး ဦးဝီလ်ဆင်မိုးနှင့် အာခါတိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းအောင်တို့က မိတ်ဆက်အမှာစကားပြောကြားသည်။ ဆက်လက်၍ တက်ရောက်လာကြသော မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းများ၊ ဒေသခံတိုင်းရင်းသားများနှင့် မြို့မိမြို့ဖများတို့မှ တစ်ဦးချင်းရင်းရင်းနှီးနှီးမိတ်ဆက်ခဲ့ကြသည်။
ထို့နောက် ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမင်းလတ်မှ မြို့နယ်အတွင်း ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေးနှင့် လူမှုရေးကဏ္ဍများ လှုပ်ရှားဆောင်ရွက်နေမှုအခြေအနေများ၊ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော လုပ်ငန်းဆိုင်ရာများအား ရှင်းလင်းတင်ပြပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်မှ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ တင်ပြဆွေးနွေးမှုအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)