မိုင်းခုတ်မြို့၌ မြို့ဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းတွေ့ဆုံပွဲ ကျင်းပ

​မိုင်းခုတ် ဇွန် ၃၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် ၁၀နာရီက ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးစိုးရွှေနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖများ မြို့ဖွံဖြိုးတိုးတက်ရေး ညှိနှိုင်းတွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးစိုးရွှေက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ တည်ငြိမ်အေးချမ်းရေးနှင့်တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များ၊ ရပ်ရွာအခြေပြု လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရမည့် အချက်များကို ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများက မိမိတို့ဌာနအလိုက် လက်ရှိဆောင်ရွက်နေသည့်လုပ်ငန်းစဉ်များ၊ ကြုံတွေ့နေရသည့် အခက်အခဲများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်များကို တင်ပြရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ယင်းနောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌသည် မိုင်းခုတ်မြို့အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

မိုင်းခုတ်(ပြန်/ဆက်)