မိုင်းခုတ် ဇွန် ၃၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်း ၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုနှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှု အခြေအနေများအား ယမန်နေ့ နံနက် ၉ နာရီက ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးစိုးရွှေနှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးစိုးရွှေနှင့် အဖွဲ့ဝင်များသည် မိုင်းခုတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိရာ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများက ကျောင်းတွင်းရှိ သင်ကြားရေးဆိုင်ရာ အခြေအနေများနှင့် လိုအပ်ချက်များကို ရှင်း လင်း တင်ပြခဲ့ကြသည်။
ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက စာသင်ခန်းများအတွင်း ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနေမှုကို လှည့်လည်ကြည့်ရှု အားပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်ပြီး ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များ ဖြစ်လာစေရေး ပြုစုပျိုးထောင်ပေးရန်၊ ကျောင်းတွင်း/ပြင် သန့်ရှင်းသပ်ရပ်မှုရှိစေရေးနှင့် ဥပဓိရုပ်ကောင်းမွန်စေရေး စဉ်ဆက်မပြတ် ဆောင်ရွက်သွားရန်၊ ကျောင်းအင်္ဂါရပ်နှင့် အညီ ကစားကွင်း၊ ကစားနည်းစနစ်များ စနစ်တကျရှိစေရေးနှင့် မိုးရာသီကာလသွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ခြင်ခိုအောင်းနိုင်မည့် နေရာများအား ရှင်းလင်းဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
မိုင်းခုတ်(ပြန်/ဆက်)