သနပ်ပင်မြို့နယ်တွင် အမျိုးသမီးကော်မတီ အစည်းဝေးပွဲကျင်းပ

သနပ်ပင် ဇွန် ၃၀

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းရုံးမှကြီးမှူး၍ မြို့နယ်အမျိုးသမီးကော်မတီအစည်းဝေးပွဲကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်အမျိုးသမီးကော်မတီဥက္ကဋ္ဌ ဦးဝင်းသန်း ကအဖွင့်အမှာစကားပြောကြားပီး ပဲခူးတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ချိုနွယ်ဦးက အမျိုးသမီးကဏ္ဍများနှင့် ပတ်သတ်၍ လူမှုဝန်ထမ်းဦးစီးဌာနမှ လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားခဲ့ရာ တက်ရောက်လာသူများက မိမိတို့သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)