ရွှေတောင်မြို့နယ်၌ မိုးနှမ်း လျာထားဧက (၃၅၈၇)ဧက အထက် (၃၇၄၅) ဧက စိုက်ပျိုးပြီးစီး

ရွှေတောင် ဇွန် ၂၉

ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်တွင် ဆီထွက်သီးနှံမျိုးစုံကို ရာသီအလိုက် စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ယခုနှစ်တွင်လည်း မိုးနှမ်း လျာထားဧက (၃၅၈၇)ဧက အထက် (၃၇၄၅) ဧကကို စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ရွှေတောင် မြို့နယ်အတွင်းရှိ တောင်သူများအနေဖြင့် မေလဆန်းတွင် စတင်စိုက်ပျိုးကြရာ ယခုလအထိ (၃၇၄၅)ဧက စိုက်ပျိုးနိုင်ကြောင်းသိရပြီး နှမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် ရိတ်သိမ်းချိန်အထိ အပင်ပြုစုမှုနည်းစနစ်များကို လက်တွေ့ အသိပညာပေးလုပ်ငန်းများနှင့် ပေါင်းစပ်၍ စိုက်ပျိုးနည်းစနစ် မှန်ကန်စွာဖြင့်  ပိုးမွှားများကင်းစင်ရေး၊ ပေါင်းမြက်ကင်းရှင်းရေး၊  သဘာဝမြေဩဇာ သဘာဝပိုးသတ်ဆေး ပြုလုပ်သုံးစွဲရေးစသည့် စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကွင်းဆင်း၍ အသိပညာပေးလျက်ရှိကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)