ကလောမြို့နယ်၌ ၂၀၂၆ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်ရာခိုင်နှုန်း ၆၀ ဒသမ ၇၁ရှိ‌

ကလော    ဇွန်      ၂၈
 

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်တွင် ၂၀၂၆ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ အောင် စာရင်းကို  ဇွန် ၂၈ ရက်နံနက် ၆ နာရီကမြို့နယ်ပညာရေးမှူးရုံးရှေ့၌ ထုတ်ပြန်ထားသည်။

ကလောမြို့နယ်အတွင်းရှိ ၂၀၂၅-၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာနများ ဖြစ်ကြသော အထက(၁) ကလော၊ အထက(၃)အောင်ပန်း၊ အထက(၅) အောင်ပန်း၊ အထက(၈) အောင်ပန်း၊ အထက(၁၀) အောင်ပန်း၊ အထက(၄)ဟဲဟိုး၊ အထက(၆)ဘော်ဆိုင်းနှင့် အထက(၇) အင်းခေါင်းတို့တွင်၊ စာစစ်ဌာန(၈)နေရာတို့ဖြင့် ဖွင့်လှစ်ကျင်းပခဲ့ပြီး ကျောင်းသား/ကျောင်းသူ   (၂၀၃၁)ဝင်ရောက်ဖြေဆိုခဲ့သည့်အနက် (၁၂၃၃)ဦး အောင်မြင်ခဲ့သဖြင့် အောင်ချက်ရာခိုင်နှုန်း(၆၀ ဒသမ ၇၁) ရာခိုင်နှုန်းရှိ‌သည်။

 ကလောမြို့နယ်အတွင်း ဂုဏ်ထူးရှင်ဦးရေ ၆ ဘာသာဂုဏ်ထူး (၁၀)ဦး၊ ၅ ဘာသာဂုဏ်ထူး(၁၈) ဦး၊ ၄ ဘာသာ ဂုဏ်ထူး(၃၁)ဦး၊ ၃ ဘာသာဂုဏ်ထူး (၄၂)ဦး၊ ၂ ဘာသာဂုဏ်ထူး (၄၆) ဦး၊ ၁ ဘာသာဂုဏ်ထူး (၁၆၂) ဦးတို့ ပေါ်ထွက်ခဲ့ကြောင်း၊ ဘာသာရပ်အလိုက်ဂုဏ်ထူးရ ဦးရေ (၃၀၉)ဦးရှိကြောင်း ၊က‌လောမြို့နယ် အတွင်း၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို စာစစ်ဌာန (၈)ခုတွင်လည်း ထုတ်ပြန်‌ပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးထံ မှသိရသည်။

မြို့နယ်(ပြန်/ဆက်)