ညောင်ရွှေ ဇွန် ၂၈
ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ ကြာတောကျေးရွာ အခြေခံပညာမူလတန်း ကျောင်း ရန်ကုန်စေတနာမိတ်ဆွေများ၊ ပညာဒါနအလှူရှင်များမှ ဆောက်လုပ်လှူဒါန်းသည့် (၁၂၀x၃၀)ပေ တစ်ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ဇွန်(၂၈)ရက် နံနက်(၉)နာရီက အဆိုပါကျောင်းဆောင်သစ်ရှေ့၌ ပြုလုပ်ခဲ့သည်။
ဦးစွာ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါ်နန်းခမ်းလူ၊ အင်းသားတိုင်းရင်း သားလူမျိုးရေးရာဝန်ကြီး ဒေါ်တင်တင်ရီ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတိုးရနှင့် တာဝန်ရှိ သူများက ကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ကျောင်းဆောင်သစ် ကမ္ဗည်းမော် ကွန်းနှင့် ကျောင်းဆိုင်းဘုတ်အား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြသည်။
ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူလေးများက ရွှေအင်းသူလေးဖိတ်ခေါ်သံ သီချင်းဖြင့်တင်ဆက်ကပြကြပြီး ပြည်နယ်လူမှုရေးရာ ဝန်ကြီးက အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ပညာရေးဌာနမှ တာဝန်ရှိသူတစ်ဦးက အမှာစကားပြောကြားပြီး အလှူ ရှင်များက ကျောင်းဆောင်သစ်နှင့်စပ်လျဉ်းသည့် စာရွက်စာတမ်းများနှင့် ကျောင်းဆောင်သစ်ဖွင့်ပွဲ အထိမ်းအမှတ် အလံငယ်များကို တာဝန်ရှိသူများနှင့် ဧည့်သည်တော်ကြီးများထံသို့ အသီးသီး ပေးအပ်သည်။
ယင်းနောက် တာဝန်ရှိသူများက အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေး အပ်ခဲ့ကြပြီး အလှူရှင်များက ကျောင်းရန်ပုံငွေနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့၍ ကျောင်းအုပ် ဆရာမကြီးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရှိရသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် အင်းလေးကန်အတွင်းရှိ ရေတန်းကျေးရွာသို့ ဆက်လက်ထွက်ခွာကြပြီး ရေတန်းကျေးရွာအခြေခံပညာမူလတန်းကျောင်း ကျောင်းဆောင်သစ် အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး၍ ကျောင်းဆောင်သစ် ကမ္ဗည်းမော်ကွန်းနှင့် ကျောင်းဆိုင်းဘုတ်အား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးက အမှာစကားပြောကြားပြီး ပြည်နယ်ပညာရေးဌာနမှ တာဝန်ရှိ သူတစ်ဦးက အမှာစကားပြောကြား၍ အလှူ ရှင်များက ကျောင်းဆောင်သစ်နှင့်စပ်လျဉ်းသည့် စာရွက်စာတမ်းများနှင့် ကျောင်းဆောင်သစ်ဖွင့်ပွဲ အထိမ်းအမှတ် အလံငယ်များကို တာဝန်ရှိသူများ နှင့် ဧည့်သည်တော်ကြီးများထံသို့ အသီးသီးပေးအပ်ခဲ့ကြသည်။
ယင်းနောက် တာဝန်ရှိသူများက အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေး အပ်ခဲ့ကြပြီး အလှူရှင်များက ကျောင်းရန်ပုံငွေနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့၍ ကျောင်းအုပ် ဆရာမကြီးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရှိရသည်။
စိုင်းအယ်ဘဲ