မိုင်းရှူး ဇွန် ၂၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးခရိုင်၊မိုင်းရှူးမြို့နယ်တွင် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ယနေ့နံနက် ၆ နာရီက အ.ထ.က (မိုင်းရှူး) နှင့် အ.ထ.က (ဝမ်ကန်) စာစစ်ဌာနတွင် ထုတ်ပြန်ကြေညာခဲ့ရာ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၃၂) ဦး ဖြေဆိုအောင်မြင်ခဲ့သည်။
မိုင်းရှူးမြို့နယ်တွင် ကျောင်းတွင်းနှင့် ပြင်ပဖြေဆိုသူ ကျောင်းသား (၄၀) ဦး၊ ကျောင်းသူ (၈၀) ဦး စုစုပေါင်း (၁၂၀) ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး ၃၂ ဦး ဖြေဆိုအောင်မြင်ကာ အောင်မြင်မှုရာခိုင်နှုန်း ၂၆.၆၇ ရာခိုင်နှုန်းရှိပြီး ဂုဏ်ထူးရရှိမှုအခြေအနေမှာ (၃) ဘာသာဂုဏ်ထူးရှင် (၁) ဦး၊ (၂) ဘာသာဂုဏ်ထူးရှင် (၁) ဦးရှိရာ ဂုဏ်ထူးရရှိသည့် ဘာသာများမှာ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာရပ်တို့ဖြစ်ကြောင်း သိရှိရသည်။
မိုင်းရှူး (ပြန်/ဆက်)