ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ‌နှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းထုတ်ပြန်ကြေညာ

ဟိုပုံး ဇွန် ၂၈

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြိုနယ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို ယနေ့နံနက်ပိုင်းက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း (ခွဲ) ၌ ထုတ်ပြန်ကြေညာသည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဟိုပုံးမြို့နယ်တွင် စာစစ်ဌာနတစ်ခုတည်းရှိပြီး ဖြေဆိုကျောင်းသား (၁၅၀) ဦး၊ ကျောင်းသူ (၂၀၅) ဦး စုစုပေါင်း (၃၅၅) ဦး၊ အောင်မြင်ကျောင်းသား (၄၃) ဦး၊ ကျောင်းသူ (၁၀၅) ဦး စုစုပေါင်း (၁၄၈) ဦး ငါးဘာသာဂုဏ်ထူး (၃) ဦး၊ လေးဘာသာဂုဏ်ထူး (၂) ဦး၊ သုံးဘာသာဂုဏ်ထူး (၄) ဦး၊ နှစ်ဘာသာဂုဏ်ထူး (၁၀) ဦးနှင့် တစ်ဘာသာဂုဏ်ထူး (၁၈) ဦး ရာခိုင်နှုန်းအားဖြင့် (၄၁.၆၉) ရာခိုင်နှုန်း၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူ‌ရေးအထက်တန်းကျောင်း (ခွဲ) ပေါင်လင်းတွင် ဖြေဆိုကျောင်းသား (၃၂) ဦး၊ ကျောင်းသူ (၅၆) ဦး စုစုပေါင်း (၈၈) ဦး၊ အောင်မြင် ကျောင်းသား (၁၉) ဦး၊ ကျောင်းသူ (၄၆) ဦး စုစုပေါင်း (၆၅) ဦး ခြောက်ဘာသာဂုဏ်ထူး (၁) ဦး၊ သုံးဘာသာဂုဏ်ထူး (၇) ဦး၊ နှစ်ဘာသာဂုဏ်ထူး (၁၅) ဦးနှင့် တစ်ဘာသာဂုဏ်ထူး (၇) ဦး ရာခိုင်နှုန်းအားဖြင့် (၇၃.၈၆) အောင်မြင်ကြောင်း သိရသည်။

ပအိုဝ်းဒေသ (ပြန်/ဆက်)