ပင်လောင်းမြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက် ၅၃ ဒသမ ၂၂ ရာခိုင်နှုန်းအောင်မြင်

ပင်လောင်း ဇွန် ၂၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် စာစစ်ဌာနအသီးသီးနှင့် မြို့နယ်ပညာရေးမှူးရုံးတွင် ယနေ့နံနက်ပိုင်းက တက္ကသိုလ်တန်းစာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်ကြေငြာခဲ့ကြောင်း သိရသည်။

ပင်လောင်းမြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်တန်းစာမေးပွဲစာစစ်ဌာနများတွင် စာမေးပွဲဖြေဆိုသူ ကျောင်းသား ၄၁၆ ဦး၊ ကျောင်းသူ ၈၉၀ ဦး စုစုပေါင်း ၁၃၀၆ ဦးဝင်ရောက်ဖြေဆိုခဲ့ရာ အောင်မြင်သူ ကျောင်းသား ၁၈၄ ဦး၊ ကျောင်းသူ ၅၁၁ ဦး စုစုပေါင်း ၆၉၅ ဦးရှိကြောင်း၊ အဆိုပါတက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် လေးဘာသာဂုဏ်ထူးရှင် ၆ ဦး၊ သုံးဘာ သာဂုဏ်ထူးရှင် ၁၄ ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၂၅ ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် ၉၃ ဦး၊ စုစုပေါင်း ၁၃၈ ဦး ဂုဏ်ထူးထွက်ရှိပြီး၊ အောင်ချက်ရာခိုင်နှုန်း ၅၃ ဒသမ ၂၂ ရာခိုင်နှုန်း အောင်မြင်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်

မြို့နယ် (ပြန်/ဆက်)