မိုင်းယန်း ဇွန် ၂၈
ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ အာခါတိုင်းရင်းသားရေးရာဝန်ကြီးနှင့် လားဟူတိုင်းရင်းသားရေးရာဝန်ကြီး မိုင်းယန်းခရိုင် မိုင်းယန်းမြို့နယ် ဌာနဆိုင်ရာများ ဒေသခံတိုင်ရင်းသားပြည်သူများနှင့်တွေ့ဆုံပွဲကို ဇွန် ၂၈ ရက် နံနက် ၁၀ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လားဟူတိုင်းရင်းသားရေးရာဝန်ကြီး ဦးဝီလ်ဆင်မိုးနှင့် အာခါတိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းအောင်တို့က မိတ်ဆက်အမှာစကား ပြောကြားသည်။ ဆက်လက်၍ တက်ရောက်လာကြသော ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းများ၊ ဒေသခံတိုင်းရင်းသားများနှင့် မြို့မိ မြို့ဖများတို့မှ တစ်ဦးချင်း ရင်းရင်းနှီးနှီး မိတ်ဆက်ခဲ့ကြသည်။ ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလင်းသန့်မှ ခရိုင်/မြို့နယ်အတွင်း ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေးနှင့် လူမှုရေးကဏ္ဍများ လှုပ်ရှားဆောင်ရွက်နေမှု အခြေအနေများ၊ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းဆိုင်ရာများအား ရှင်းလင်းတင်ပြပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလှိုင်ခမ်းမှ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ တင်ပြဆွေးနွေးမှုအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းထူး