ပန်းတောင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ပေးလျက်ရှိ

ပန်းတောင်း ဇွန် ၂၅

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ ၂၀၂၆-၂၀၂၇ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးလျက်ရှိရာ ယမန်နေ့တွင် ဇရပ်လှကျေးရွာအုပ်စုနှင့် ပဲကြီးကျေးရွာအုပ်စုရှိ ဒေသခံတောင်သူများ အားမိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သူရ၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးအရာရှိ ဒေါ်အေးအေးသင်း၊ မြို့နယ်မြေစာရင်းဦးစီးအရာရှိ ဦးလင်းလင်းထွန်းနှင့် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးစောမြင့်ဦးတို့မှ တောင်သူများအား စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများနှင့်ပတ်သက်၍ အသိပညာပေးပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်နေဂျာ ဒေါ်လွင်မာကြည်နှင့် ဝန်ထမ်းများက ၎င်းကျေးရွာအုပ်စု (၂) အုပ်စုရှိ ဒေသခံတောင်သူ (၁၉၅) ဦး၊ ဧကပေါင်း (၇၅၇) ဧကအတွက် ချေးငွေသိန်းပေါင်း ၂ ထောင့် ၂ ရာ ၇၁သိန်းကို တောင်သူများ လက်ဝယ်အရောက် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

လပြည့်လင်း(ပြန်/ဆက်)