မြန်မာအမျိုးသမီးများနေ့ အကြိုလှုပ်ရှားမှုအဖြစ် ရိုးရာမုန့်လုပ်နည်းနှင့် ဆပ်ပြာဆီပြုလုပ်နည်း သင်တန်းဖွင့်ပွဲ ကျင်းပ

ပြည် ဇွန် ၂၅

မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် "ရိုးရာအခြေပြုမြန်မာစားသောက်ဖွယ်ရာ လုပ်နည်းသင်တန်းနှင့် ဆပ်ပြာဆီပြုလုပ်နည်းသင်တန်း" ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ပြည်ခရိုင်လူမှုဝန်ထမ်းရုံး၊ သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် ပြည်ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းဆိုင်မိုနွမ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ တောင်ငူခရိုင် အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းမှ သင်တန်းနည်းပြက သင်တန်းဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်း၍ ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် အဆိုပါသင်တန်းခန်းမတွင် ပြည်ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ စုစုပေါင်း (၅၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

၀ဏ္ဏထွန်း (ပြန်/ဆက်)