ဆင်ပေါင်ဝဲ ဇွန် ၂၅
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့၌ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဟောပြောပွဲ၊ ပန်းချီပြိုင်ပွဲ၊ လက်ကမ်းစာစောင်၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲများကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ပြုလုပ်သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဆင်ပေါင်ဝဲမြို့နယ် ဦးစီးအရာရှိ ဦးနိုင်လင်းက လူငယ်နှင့်မူးယစ်ဆေးဝါးခေါင်းစဥ်ဖြင့် အသိပညာပေးဟောပြောပြီး ကျောင်းသား၊ ကျောင်းသူများအတွက် ပန်းချီပြိုင်ပွဲ၊ အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲများကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဆင်ပေါင်ဝဲမြို့နယ် ဦးစီးအရာရှိ ဦးနိုင်လင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ဖြိုးစန္ဒာသွယ်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များက ပန်းချီပြိုင်ပွဲကို ကြည့်ရှုအားပေးခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများနှင့် အတူ အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲများကို ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဆက်လက်ပြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဆင်ပေါင်ဝဲမြို့နယ် ဦးစီးအရာရှိ ဦးနိုင်လင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ဖြိုးစန္ဒာသွယ်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် လက်ကမ်းစာစောင်များကို ကျောင်းသား၊ ကျောင်းသူများအား လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ပန်းချီဝင်ရောက်ယှဥ်ပြိုင်သည့် ကျောင်းသား၊ ကျောင်းသူများအား စာအုပ် အမှတ်တရပစ္စည်းပေးအပ်ခဲ့ကြောင်း သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)