လက်ပံတန်း ဇွန် ၂၅
ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့နယ် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း GTI ခန်းမ၌ ဇွန် ၂၃ ရက် နံနက်ပိုင်းက လူငယ်စကားဝိုင်းကျင်းပသည်။
ဦးစွာ GTI ကျောင်းအုပ် ဆရာကြီး ဒေါက်တာအောင်မျိုးဝင်းက အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးမင်းထွန်းက လူငယ်စကားဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းပြောကြားသည်။
ဆက်လက်၍ မြို့နယ်ဦးစီးမှူး ဦးမျိုးမင်းထွန်းနှင့် လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဌာနမှ ဆရာမ ဒေါ်နွယ်နီလှိုင်တို့က ဦးဆောင်ဆွေးနွေးသူများအဖြစ်ဆောင်ရွက်ပြီး ကျောင်းသား/ကျောင်းသူများက လူငယ်နှင့်ရသစာပေ၊ AI နည်းပညာသစ်များနှင့် လူငယ်များ၏ အနာဂတ် ခေါင်းစဉ်များဖြင့် ပါဝင်ဆွေးနွေးခဲ့ကြရာ ကျောင်းသားကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြပြီး ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)