ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းစည်ပင်ဝန်ကြီး ဦးထွန်းထွန်းဦး ဦးဆောင်သောအဖွဲ့မှ ပန်းတောင်းမြို့နယ်စည်ပင်ရုံးရှိတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး

ပန်းတောင်း ဇွန် ၂၅

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းစည်ပင်ဝန်ကြီး ဦးထွန်းထွန်းဦး ဦးဆောင်သောအဖွဲ့သည် ပန်းတောင်းမြို့နယ်စည်ပင်ရုံးခန်းမ၌ ဇွန်လ ၂၃ ရက်နေ့ နံနက်ပိုင်းက အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဇော်၊ ပြည်မြို့နယ်စည်ပင်မှ ဒုတိယညွှန်ကြားရေမှူး ဦးကျော်စွာလင်း၊ ပန်းတောင်းမြို့နယ်စည်ပင်အမှုဆောင်အရာရှိ ဦးရန်လင်းအောင်၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် ပန်းတောင်းမြို့နယ် စည်ပင်အမှုဆောင်အရာရှိ ဦးရန်လင်းအောင်က ပန်းတောင်းမြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ ရှင်းလင်းတင်ပြခြင်း၊ တိုင်းစည်ပင်ဝန်ကြီး ဦးထွန်းထွန်းဦးမှ ပန်းတောင်းမြို့ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ဆောင်ရွက် မည့်လုပ်ငန်းများ ချပြရှင်းလင်းခြင်း၊ မြို့နယ်သန့်ရှင်းသာယာလှပစေရေး၊ မြို့အင်္ဂါရပ်နှင့်ညီညွတ်ရေး၊ ပတ်ဝန်းကျင်ကောင်း ဖော်ဆောင်ရေး၊ လမ်းဘေးဝဲ/ယာ အမှိုက်များ၊ ခြုံနွယ်များအား ရှင်းလင်းထားရှိရန်လိုအပ်ကြောင်း စသည်ဖြင့် လိုအပ်ချက်များအား လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။

လပြည့်လင်း(ပြန်/ဆက်)