ဓနုဖြူမြို့နယ်၌ ကောက်ရိုးမှို လက်တွေ့သရုပ်ပြစိုက်ပျိုးပွဲ အခမ်းအနားကျင်းပ

ဓနုဖြူ ဇွန် ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ကောက်ရိုးမှို လက်တွေ့သရုပ်ပြစိုက်ပျိုးပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျုံတနော်အနောက် ကျေးရွာအုပ်စု၊ ကျုံတနော်အနောက်ကျေးရွာ၌ ကျင်းပခဲ့သည်။

အဆိုပါ ကောက်ရိုးမှိုလက်တွေ့သရုပ်ပြစိုက်ပျိုးပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးလွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဝင်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများ၊ ဒေသခံတောင်သူများတက်ရောက်ခဲ့ကြပြီး၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးချစ်ဝင်းနိုင်က ကောက်ရိုးမှိုစိုက်ပျိုးထုတ်လုပ်ပုံအဆင့်ဆင့်ကို ရှင်းလင်းတင်ပြပြီး လက်တွေ့သရုပ်ပြ စိုက်ပျိုးခဲ့သည်။ ဆက်လက်၍ ငွေနှင်းမှို မျိုးထုပ်ပြုလုပ်ပုံအဆင့်ဆင့်ကို မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများအား ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)